Posts

Showing posts from September, 2021

ဝက်ခြံဒုက္ခ စိတ်ရှုပ်ရ

Image
 ဝက်ခြံဒုက္ခ စိတ်ရှုပ်ရ ဝက်ခြံမပေါက်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဝက်ခြံနည်းတာနဲ့ များတာကွာသွားတာပဲ ရှိပါတယ်။ အထူးသဖြင့် လူပျိုဖော်၊ အပျိုဖော်စဝင်ချိန်ဆို ဝက်ခြံကြောင့် အလှပျက်ကြရလို့ စိတ်ညစ်နေကြတဲ့သူတွေ အများကြီးပါ။ ဝက်ခြံဆိုတာ ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဟော်မုန်းဓာတ်အပြောင်းအလဲဟာ သဘာဝတရားဖြစ်တဲ့အတွက် ဝက်ခြံပေါက်ခြင်းဟာလည်း စိုးရိမ်စရာမလိုတတ်ပါ။ ဒါပေမဲ့ သတိထားသင့်တဲ့အချက်လေးတွေ ရှိပါတယ်။ ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းများ ဝက်ခြံပေါက်ရတဲ့အကြောင်းရင်းက အဓိကအနေနဲ့ (၃) ခု ရှိပါတယ်။ ပထမဦးဆုံးက အဆီထွက်တာ များလို့ပါ။ အဆီထွက်တာများတဲ့အတွက် အဆီထွက်ပေါက်ကိုပိတ်စေတဲ့ အချက်တွေ ဥပမာ-ဆဲလ်အသေတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေ စတာတွေကြောင့် ဘက်တီးရီးယားပိုးတွေပါ ဝင်လာပြီး ဝက်ခြံကို ဖြစ်စေပါတယ်။ ဒုတိယက ဘက်တီးရီးယားပါ။ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်နယ်ချဲ့ရင်လည်း ဝက်ခြံကို ပိုဖြစ်စေ၊ ပိုဆိုးစေပါတယ်။ တတိယတစ်ခုက ဟော်မုန်းကြောင့်ပါ။ ဟော်မုန်းပမာဏ အထူးသဖြင့် အန်ဒရိုဂျင်လို့ခေါ်တဲ့ ဟော်မုန်းဟာ အဆီထုတ်လွှတ်မှု ပမာဏနဲ့ဆိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံကို ပိုထွက်စေတဲ့အခြားအချက်တွေက ဆေးဝါးတွေ (ဥ