ဝက်ခြံဒုက္ခ စိတ်ရှုပ်ရ

 ဝက်ခြံဒုက္ခ စိတ်ရှုပ်ရ


ဝက်ခြံမပေါက်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဝက်ခြံနည်းတာနဲ့ များတာကွာသွားတာပဲ ရှိပါတယ်။ အထူးသဖြင့် လူပျိုဖော်၊ အပျိုဖော်စဝင်ချိန်ဆို ဝက်ခြံကြောင့် အလှပျက်ကြရလို့ စိတ်ညစ်နေကြတဲ့သူတွေ အများကြီးပါ။ ဝက်ခြံဆိုတာ ဟော်မုန်းဓာတ်အပြောင်းအလဲကြောင့် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဟော်မုန်းဓာတ်အပြောင်းအလဲဟာ သဘာဝတရားဖြစ်တဲ့အတွက် ဝက်ခြံပေါက်ခြင်းဟာလည်း စိုးရိမ်စရာမလိုတတ်ပါ။ ဒါပေမဲ့ သတိထားသင့်တဲ့အချက်လေးတွေ ရှိပါတယ်။


ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းများ


ဝက်ခြံပေါက်ရတဲ့အကြောင်းရင်းက အဓိကအနေနဲ့ (၃) ခု ရှိပါတယ်။


ပထမဦးဆုံးက အဆီထွက်တာ များလို့ပါ။ အဆီထွက်တာများတဲ့အတွက် အဆီထွက်ပေါက်ကိုပိတ်စေတဲ့ အချက်တွေ ဥပမာ-ဆဲလ်အသေတွေ၊ ဖုန်တွေ၊ အညစ်အကြေးတွေ စတာတွေကြောင့် ဘက်တီးရီးယားပိုးတွေပါ ဝင်လာပြီး ဝက်ခြံကို ဖြစ်စေပါတယ်။

ဒုတိယက ဘက်တီးရီးယားပါ။ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်နယ်ချဲ့ရင်လည်း ဝက်ခြံကို ပိုဖြစ်စေ၊ ပိုဆိုးစေပါတယ်။

တတိယတစ်ခုက ဟော်မုန်းကြောင့်ပါ။ ဟော်မုန်းပမာဏ အထူးသဖြင့် အန်ဒရိုဂျင်လို့ခေါ်တဲ့ ဟော်မုန်းဟာ အဆီထုတ်လွှတ်မှု ပမာဏနဲ့ဆိုင်ပါတယ်။

ဒါ့အပြင် ဝက်ခြံကို ပိုထွက်စေတဲ့အခြားအချက်တွေက ဆေးဝါးတွေ (ဥပမာ-စတီးရွိုက်ဆေးဝါး၊ ကျားဟော်မုန်းဆေးဝါး၊ လီသီယမ်ဓာတ် ပါဝင်တဲ့ဆေးတွေ)၊ အစားအသောက် အထူးသဖြင့် ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတဲ့အစားအစာတွေနဲ့ ချောကလက် စတဲ့အရာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်း ဆိုတာဟာလည်း ဝက်ခြံထွက်စေတဲ့ အကြောင်းရင်းတစ်ခုထဲမှာ ပါပါသေးတယ်။

ad :


ဝက်ခြံပျောက်ဆေး MIKADO Anti-ACNE GEL ကိုသုံးကြည့် ပါ တကယ်ကောင်းပါတယ်း ၁၀၀% အာမခံပါတယ် ဝက်ခြံပျောက်ဖို့  မပျောက်ရင် ၁၀၀ % ငွေ ပြန်အမ်းပါတယ် ။ ၀က်ခြံအသစ်ဆိုရင် နာရီပိုင်းနဲ့ပျောက်တယ် အသားကိုလဲ မချောက်စေပါဘူး ။

ဝက်ခြံကို ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ


ဝက်ခြံပေါက်ပြီဆိုတာနဲ့ ကိုယ်နဲ့နီးစပ်ရာ ကုသမှုတွေ၊ အလှပြင်ပစ္စည်းတွေကို သုံးတတ်ကြတာ ပုံမှန်ပါပဲ။ သောက်ဆေးတွေ၊ လိမ်းဆေးတွေ စုံလို့ပေါ့။ ဒါပေမဲ့ အခုဆက်ပြောမယ့် အချက်(၃)ချက်နဲ့ ကို်က်ညီနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်နေပါပြီ။


(၁) အလွယ်တကူ ဝယ်ယူနိုင်တဲ့ လိမ်းဆေးတွေ၊ အလှကုန်ပစ္စည်းတွေ၊ မျက်နှာသစ်ဆေးရည်တွေက မထိရောက်တော့တဲ့အခါ


ဝက်ခြံသေးသေးမွှားမွှားကနေ သိပ်မဆိုးတဲ့အလယ်အလတ်အထိကို လိမ်းဆေးတွေ၊ အလှကုန်ပစ္စည်းတွေ၊ မျက်နှာသစ်ဆပ်ပြာတွေနဲ့ ၄ ပတ်က ၆ ပတ်အထိ လိမ်းပေး၊ သုံးစွဲပေးတယ်ဆို ပျောက်ကင်းလေ့ရှိပါတယ်။ အထူးသဖြင့် Benzoyl Peroxide ဒါမှမဟုတ် Salicylic Acid ပါတဲ့လိမ်းဆေးတွေ၊ မျက်နှာသစ်ဆေးရည်တွေလိမ်းပေး၊ ဆေးပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆိုးလွန်းတဲ့ဝက်ခြံတွေ၊ ကိုယ်သုံးနေတဲ့ ဘယ်ပစ္စည်းနဲ့မှ မပျောက်ကင်းတဲ့ဝက်ခြံဆိုရင်တော့ ဆရာဝန်နဲ့ ပြရမှ သေချာသွားပါပြီ။


အရေပြားရောဂါအထူးကုဆရာဝန်ကြီးတွေက ဝက်ခြံအမျိုးအစား၊ ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး ပိုမိုကောင်းမွန်တဲ့၊ တိကျတဲ့ကုသမှုတွေ ပေးနိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးဝင်တာကြောင့်ဆိုရင် ဆရာဝန်များသာညွှန်ကြားခွင့်ရှိတဲ့ ပဋိဇီဝဆေးဝါးတွေ၊ လိမ်းဆေးတွေနဲ့ ဝက်ခြံဆိုးကို ကုသပေးနိုင်မှာပါ။ ဆရာဝန်လိမ်းခိုင်းတဲ့အချိန်ကာလအထိ စနစ်တကျလိမ်းပြီး ရက်ချိန်းမှန်မှန်ပြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ အိမ်တွင်းနည်းလမ်းနဲ့ကိုယ်တိုင်ကုသလို့ ၃ လအတွင်းသာ မပျောက်ကင်းရင်တော့ အရေပြားအထူးကုဆရာဝန်ဆီသာ သွားပြလိုက်ပါ။


(၂) ဝက်ခြံကြောင့် ရုပ်ဆိုးတယ်လို့ ခံစားနေတဲ့အခါ


အများအားဖြင့် ဝက်ခြံပေါက်သူဦးရေ ၈၅ ရာခိုင်နှုန်းဟာ ဆယ်ကျော်သက်အရွယ်တွေ ဖြစ်ပါတယ်။ ဒီအသက်အရွယ်တွေဟာ လှချင်ပချင်အရွယ်တွေဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဝက်ခြံ ခဏခဏ ပေါက်ပြီး အရေပြားပေါ်မှာ အထူးသဖြင့် မျက်နှာပေါ်မှာ အမာရွတ်တွေကျန်နေခဲ့ရင် စိတ်ပူပန်မှုနဲ့ စိတ်ဓါတ်ကျဆင်းမှု ပြဿနာအထိပါ ဖြစ်စေနိုင်ပါတယ်တဲ့။ ဒါကြောင့် ဆယ်ကျော်သက်အရွယ် ညီလေး၊ ညီမလေးတို့အနေနဲ့ ဝက်ခြံပေါက်နေတဲ့နေရာက ရုပ်ဆိုးလွန်းလို့၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိလို့ သူငယ်ချင်းတွေနဲ့ အပြင်သွားရမှာ ရှက်နေရင်၊ ပွဲတက်ရမှာ ရှက်နေရင်တော့ ဝက်ခြံကို ထိထိရောက်ရောက်နဲ့ မြန်မြန်ပျောက်အောင် ကုသပေးနိုင်တဲ့ အရေပြားအထူးကု ဆရာဝန်တွေနဲ့ အမြန်ဆုံးပြသင့်ပါတယ်။

ad :


ဝက်ခြံပျောက်ဆေး MIKADO Anti-ACNE GEL ကိုသုံးကြည့် ပါ တကယ်ကောင်းပါတယ်း ၁၀၀% အာမခံပါတယ် ဝက်ခြံပျောက်ဖို့  မပျောက်ရင် ၁၀၀ % ငွေ ပြန်အမ်းပါတယ် ။ ၀က်ခြံအသစ်ဆိုရင် နာရီပိုင်းနဲ့ပျောက်တယ် အသားကိုလဲ မချောက်စေပါဘူး ။


(၃) ဝက်ခြံတွေ အရမ်းရောင်ရမ်းနေတဲ့အခါ၊ ဒါမှမဟုတ် ရုပ်ဆိုးတဲ့အမာရွတ်တွေ ကျန်ခဲ့တဲ့အခါ


ဝက်ခြံမှာလည်း အမျိုးအစားကွဲတွေ ရှိပါတယ်။ အဲဒီထဲကမှ ရောင်ရမ်းပြီးနာကျင်စေတဲ့ Cystic Acne ဝက်ခြံ၊ အရေပြားအောက်မှာ အဖုအနေနဲ့ ဖြစ်ပြီး နာကျင်စေတဲ့ Nodules ဝက်ခြံ စတဲ့ ဝက်ခြံအမျိုးအစားတွေက အရေပြားအထူးကုဆရာဝန်ရဲ့ ကုသမှုအကူအညီမပါဘဲ  ပျောက်ကင်းနိုင်ချေနည်းတဲ့ ဆိုးရွားတဲ့ဝက်ခြံအမျိုးအစားတွေ ဖြစ်ပါတယ်။


Cystic Acne လို ဝက်ခြံမျိုးဆို အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေနဲ့ မပျောက်နိုင်တဲ့အပြင် အမာရွတ်ဆိုးဆိုးတွေပါ ကျန်နေစေပါတယ်။ ဒီအမာရွတ်တွေဟာ ကုရခက်ပါတယ်။ ဒါ့အပြင် ဝက်ခြံကနာလွန်းတာကြောင့် ဆရာဝန်ဆီကိုသွားသင့်တာကတော့ မလွဲမသွေပါပဲ။ ဒါကြောင့် အရေပြားအောက်မှာ အရမ်းနာကျင်တဲ့အဖု၊ အရည်ပြည့်နေတဲ့ အရည်ကြည်ဖု ဝက်ခြံတွေ ပေါက်လာရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ အမြန်ပြလိုက်တာက နောင်တစ်ချိန်မှာ ကုမရတဲ့ အမာရွတ်ဆိုးကြီးတွေ ဖြစ်လာနိုင်ချေကို အများကြီး လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။


ဝက်ခြံအတွက် ဆောင်ရန်၊ ရှောင်ရန်


၁။ ဝက်ခြံကို ဘယ်တော့မှကုတ်တာ၊ ခြစ်တာ၊ ညှစ်တာ မလုပ်ပါနဲ့။ အထူးသဖြင့် မသန့်တဲ့လက်နဲ့ ကုတ်ခြစ်မိရင်တော့ ဘက်တီးရီးယားပိုးဝင်မှာ အသေအချာပါပဲ။


၂။ ဆပ်ပြာကြမ်းကြမ်းတွေ၊ မျက်နှာအသားအရေအတွက်မဟုတ်တဲ့ ဆပ်ပြာအမျိုးအစားတွေ သုံးတာရှောင်ပါ။ တစ်နေ့ကို မျက်နှာသစ်ဆေးရည် ဒါမှမဟုတ် ဆပ်ပြာအပျော့နဲ့ ၂ ကြိမ်ခန့် သစ်ပေးနိုင်ပါတယ်။


၃။ အဆီများတဲ့အလှကုန်ပစ္စည်းတွေ၊ မိတ်ကပ်ထူထူလိမ်းတာတွေ လျှော့ပါ။ ညတိုင်း လိမ်းထားတဲ့မိတ်ကပ်ကို ဖျက်ပါ။ မျက်နှာသစ်ပါ။


၄။ မလိုအပ်ဘဲ လက်နဲ့ မျက်နှာကို ခဏခဏထိတာ၊ ကိုင်တာ ရှောင်ပါ။ လက်ဆိုတာ သန့်တဲ့နေရာမဟုတ်ပါ။ ပစ္စည်းတစ်ခုခုကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ သန့်စင်အောင်ဆေးကြောပေးပါ။


၅။ အပူ၊ အစပ်၊ အငန်၊ အချိုများတဲ့အစားအစာ လျှော့စားပါ။ ကဖင်းန်ဓာတ်လျှော့ပါ။ ရေများများသောက်ပါ။ စိတ်ဖိစီးမှုလျော့နည်းအောင် နေပါ။

ဒေါက်တာ သုတ




#ဆေးကိုဝယ်ယူချင်တယ်ဆိုရင်

ယခုလ(စက်တာဘာလ)အတွက်  40% - Discount နဲ့ရောင်းချပေးမှာပါ။  ပုံမှန်စျေးနှုန်း ၁၃၅၀၀ ကို ၄၀% လျှော့စျေးဖြင့် ၈၀၀၀ နဲ့ရောင်းချပေးမှာပါ။ အထူးအစီအစဥ်အနေနဲ့ ဆေး၀ယ်ရင် ၀က်ခြံပျောက် ဆေးဆပ်ပြာအလကားပေးမှာဖြစ်တာကြောင့် ဆပ်ပြာကိုသီးသန့်ဝယ်စရာမလိုတော့ဘူးပေါ့ ။

ဆပ်ပြာသီးသန့်၀ယ်လိုပါက ပုံမှန်စျေး ၆၀၀၀ ကို ၅၀% လျှော့စျေးဖြင့် ၃၀၀၀ နဲ့ရောင်းချပေးပါမယ် ။ ကဲ Discount က ဒီတလပဲဆိုတော့  မြန်မြန်သာ၀ယ်ထားကြနော် ဆေးနဲ့ဆပ်ပြာ နှစ်ခုပေါင်းကို ၁၉၅၀၀ အစား ၈၀၀၀ ထဲနဲ့ရမှာ ဆေးအတွက်အာမခံထားတာကြောင့်မပျောက်ရင် ၁၀၀% ငွေပြန်အမ်းတော့ ဘာမှဆုံးရှုံးစရာမရှိဘူး  ။

ဆက်သွယ်ရန်ဖုန်း         - 09-886212012

viber // whatsapp        - 09-886212012

facebook Page             - https://www.facebook.com/mikadoacnegel/  

ကတစ်ဆင့်ဝယ်ယူအားပေးနိုင်ပါတယ်။


Comments

Popular posts from this blog

เจลแต้มสิวต่อต้านสิว ครีมลบรอยสิวด้วยผลิตภัณท์ที่ดี

การวิจัยคอลลาเจน